စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ MPT ရဲ့ 3G အင်တာနက်ကွန်ရက်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကာလဖြစ်တဲ့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၆ ရက်အတွင်း စတင်မိတ်ဆက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “နည်းပညာဆိုင်ရာ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေနဲ့ အခြားအခြေအနေတွေကြောင့် အဲ့ဒီ ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအတွက် အင်တာနက် ရရှိစေရေးဟာ အခုချိန်မတိုင်ခင်အထိ စိန်ခေါ်စရာ အချက်တစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations ၏ နည်းပညာဌာန အရာရှိချုပ်ဖြစ်သူ Mr. Noboru Edagawa ကပြောပါတယ်။
နန်းယွန်းမြို့မှာ ကွန်ရက်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့ရာမှာ မူလကဂြိုဟ်တု အခြေပြုနည်းပညာမှ မိုက်ခရိုဝေ့ဖ် နည်းပညာသို့ ပြောင်းလဲမြှင့်တင်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးတွေကို ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။
-ထွန်းထွန်း

No comments:
Post a Comment