ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းသစ် Galaxy S9 ကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ပွဲထုတ် မိတ်ဆက်မယ်လို့ Samsung မိုဘိုင်းဌာန အကြီးအကဲဖြစ်သူ DJ Koh က CES ပြပွဲမှာ ZDNet ကို အတည်ပြုပြောကြား ခဲ့ပါတယ်။
DJ Koh အနေနဲ့ Galaxy S9 မိတ်ဆက်မယ့် ရက်အတိအကျကို မပြောခဲ့ပေမယ့် MWC ပြပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ကနေ မတ်လ ၁ ရက်အထိ ကျင်းပသွားမှာဖြစ်တာကြောင့် အဲဒီအချိန်အတိုင်းအတာအတွင်းမှာ Galaxy S9 ကို မိတ်ဆက်သွားဖွယ်ရှိပါတယ်။
Samsung Galaxy S9 ဟာ S8 နဲ့ S8 Plus နောက်ပိုင်း ထွက်ပေါ်လာမယ့် မျိုးဆက်သစ်စမတ်ဖုန်း ဖြစ်ပါတယ်။ S8 နဲ့ S8 Plus ကို ဧပြီလမှာ စတင်မရောင်းချခင် နယူးယောက်မှာ Samsung က ပွဲတစ်ခုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ S8 နဲ့ S8 Plus ဟာ ဝေဖန်သူတွေကြားထဲမှာ အောင်မြင်မှုရရှိခဲ့ပြီး ဖုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းနဲ့ ကင်မရာတွေကြောင့် ချီးကျူးခံခဲ့ရပါတယ်။
ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Galaxy S9 ရဲ့ဒီဇိုင်းဟာ S8 နဲ့ဆင်တူပြီး ကျောဘက်ကင်မရာအောက်မှာ fingerprint sensor ကို ထည့်သွင်းထားပါတယ်။
Samsung ဟာ ဒီနှစ်မှာ S9 နဲ့ S9 Plus အပြင် ခေါက်ထားနိုင်တဲ့ ဖုန်းကို ထုတ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ Koh က ZDNet ထံ ပြောကြားခဲ့ပါတယ်။
စိုးထက်
Ref: TheVerge

No comments:
Post a Comment