Microsoft
and CompTIA တို့ရဲ့ Authorized Training Center အဖြစ် New Horizons
Myanmar သင်တန်းကျောင်းကို ပေးအပ်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်က Pan Pacific
Hotel မှာ စတင်ဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
IT နည်းပညာရပ်များကို စိတ်ဝင်စားသောလူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ လက်တွေ့လုပ်ငန်းခွင်ဝင် ပညာရှင်များအတွက် အကျိုးရှိထိရောက်စေရန် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ Cloud Technology, Security and Mobility ဘာသာရပ်များ၊ Advanced Technical ဘာသာရပ်များအပြင် Vendor Authorized Offical ဘာသာရပ်များကို အမျိုးအစားစုံလင်စွာ ရွေးချယ်သင်ကြားနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ ဆရာ၊ ဆရာမများကိုယ်တိုင် သက်ဆိုင်ရာ ဘာသာရပ်၏ သင်ရိုးညွှန်းတမ်းအတိုင်း စနစ်တကျ အသေးစိတ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ လက်တွေ့သင်ခန်းစာများအတွက်လည်း Lab on Demand စနစ်မှ Server များ System များကို Cloud-base labs များနဲ့ ထိရောက်စွာ သင်ကြားလေ့လာရမှာဖြစ်ပါတယ်။
သင်တန်းကျောင်းဖွင့်လှစ်တဲ့ အခမ်းအနားမှာ Microsoft and CompTIA တို့ရဲ့ Authorized Training Center အဖြစ် MOU Signing ကိုလည်းရေးထိုးခဲ့ကြပါတယ်။
-ဝေဝေ

No comments:
Post a Comment