Apple ဟာ ဇွန်လက ကြိုးမဲ့ Magic Keyboard ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့စဉ်က ကြိုးပါတဲ့ Mac keyboard ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ အခုအခါမှာတော့ Matias လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက Apple ရဲ့ keyboard နဲ့ဆင်တူတဲ့ ဗားရှင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီနှစ် CES ပြပွဲမှာ Matias က ရောင်းချမှုရပ်ဆိုင်းခဲ့တဲ့ Apple ဗားရှင်းနဲ့ဆင်တူပြီး RGB backlighting ပါဝင်တဲ့ မော်ဒယ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။
Matias ရဲ့ keyboard ဟာ Apple ရဲ့ ဗားရှင်းအတိုင်း ခလုတ်၊ ဒီဇိုင်းအားလုံး ဆင်တူပါတယ်။ မတူတာက
ကျောဘက်မှာ လှည့်နိုင်တဲ့ slider တစ်ခုပါဝင်တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက အဲ့ဒီ slider ကနေ အရောင်တွေကိုရွေးချယ်နိုင်ပြီး function key ကနေ အလင်းအမှောင်ကို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။
ဒီ keyboard ရဲ့တန်ဖိုးက ၉၉ ဒေါ်လာဖြစ်ပြီး Mac အတွက်ရော PC အတွက်ပါ ရရှိနိုင်တယ်လို့ သိရပါတယ်။
-နောင်နောင်
Ref: TheVerge
No comments:
Post a Comment