နားကြပ်ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး မြင့်မားတဲ့ Vive Pro VR headset ကို HTC မိတ်ဆက် - Gold Mobile(Mobileနည်းပညာ)

Breaking

Gold Mobile မှ Mobile Hardware,Software/Compurter Software/Software ခွေများ/Handset များ/ Accessoriesများ အား လက်လီ-လက်ကား ရောင်းချပေး-ပြင်ဆင်ပေးပါသည်။မကြာမှီ Mobile Service သင်တန်းအားဖွင့်လှစ်သွားပါမည်။ဆက်သွယ်ရန်-လိုင်သာယာ/စက်မူဇုန်(၂) ဖုန်း-09788305422 www.goldmobileygn09@gmail.com

Gold Mobile Sale & Service Center

test banner

Post Top Ad

သင့်လုပ်ငန်းကိုဒီနေရာမှာကျော်ငြာလိုက်ပါ

Post Top Ad

Tuesday, January 9, 2018

နားကြပ်ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး မြင့်မားတဲ့ Vive Pro VR headset ကို HTC မိတ်ဆက်



HTC ဟာ ကုမ္ပဏီရဲ့ Vive Pro VR headset မော်ဒယ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ HTC က မူရင်း Vive ကို မိတ်ဆက်ခဲ့တာ နှစ်နှစ်နီးပါးရှိပါပြီ။ အသစ်မိတ်ဆက်လိုက်တဲ့ Vive Pro ဟာ ကနဦးထွက်ရှိခဲ့တဲ့ headset ရဲ့ အားနည်းချက်တစ်ချို့ကို ပြင်ဆင်ထားပါတယ်။
HTC ရဲ့ Vive Pro ဟာ dual-OLED display တွေရဲ့ ရုပ်ထွက်အရည်အသွေးကို 2880x 1600 အထိ အဆင့်မြှင့်တင်ထားတာကြောင့် လက်ရှိ Vive ထက် ရုပ်ထွက်အရည်အသွေး ၇၈ ရာခိုင်နှုန်းအထိ မြင့်မားလာပါတယ်။ Vive Pro ရဲ့ရုပ်ထွက်အရည်အသွေး မြင့်မားလာတာကြောင့် စာသားပုံဖော်မှုနဲ့ ရုပ်ထွက်ပိုင်း ရှင်းလင်းပြတ်သားလာပြီး Oculus Rift နဲ့ Windows Mixed Reality headset တွေထက် အဆင့်တစ်ခု သာလွန်လာပါပြီ။



HTC ဟာ Vive Pro ရဲ့ခေါင်းပတ်ကြိုး ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ခဲ့သလို built-in headphone တွေလည်း ထည့်သွင်းခဲ့ပါတယ်။ မူလ Vive သုံးစွဲသူတွေက VR ရဲ့ချိန်ညှိမှုနဲ့ အလေးချိန်အပေါ် စောဒကတက်ခဲ့ကြသလို သီးခြားနားကြပ်ကို ပလပ်တပ်ပြီး သုံးရတဲ့အတွက် ကြိုးရှုပ်ထွေးတဲ့ ကိစ္စအပေါ် ဝေဖန်ခဲ့ကြပါတယ်။
Vive Pro ရဲ့ခေါင်းပတ်ကြိုးက အရွယ်အစားအလိုက် ချိန်ညှိနိုင်တဲ့အတွက် အလေးချိန်မညီမျှတဲ့ ပြဿနာမဖြစ်နိုင်တော့ပါဘူး။



HTC က developer တွေစမ်းသပ်နိုင်ဖို့အတွက် dual မိုက်ကရိုဖုန်းနဲ့ dual front-facing ကင်မရာတွေကို ထည့်သွင်းခဲ့ပါတယ်။ ထုတ်ကုန်ရဲ့အရှေ့ဘက်မှာပါဝင်တဲ့ front-facing ကင်မရာတွေက မျက်လုံးနဲ့ ဆင်ပြီး ဒီဇိုင်းပိုင်းအရ မူလ Vive နဲ့ကွဲပြားပါတယ်။ မကြာခင်မှာ Vive Pro ထွက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းကို ထုတ်ပြန်မယ်လို့ HTC ကပြောပါတယ်။



HTC ရဲ့ Vive Pro မှာ SteamVR tracking 1.0 နဲ့ 2.0 နှစ်ခုစလုံးကို ပြန်သုံးနိုင်ပါတယ်။ Vive Pro မှာပါဝင်တဲ့ အခန်းခြေရာခံမှုအတွက် base station လေးခုအထိ အသုံးပြုနိုင်ပါတယ်။ လက်ရှိ Vive ထုတ်ကုန်ကို ၂၀၁၈ ခုနှစ်မှာ ဆက်လက်ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ HTC ဟာ အခုသုံးလပတ်မှာ လက်ရှိထုတ်ကုန် သုံးစွဲသူတွေအတွက် သီးသန့် Vive Pro headset ကိုရောင်းချပေးမှာ ဖြစ်ပါတယ်။ Vive Pro ရဲ့ bundel နဲ့ဈေးနှုန်းကို နောက်ပိုင်းမှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge

No comments:

Post a Comment

Post Top Ad

Responsive Ads Here