တောင်ကိုရီးယားအစိုးရဟာ
cryptocurrency ကုန်သွယ်မှုကို ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ bitcoin ဈေးကွက်တွေ ထိုးတက်ပြီး
virtual coin ဈေးကွက် ဝရုန်းသုန်းကားဖြစ်လာတာကြောင့် နိုင်ငံတွင်းက ရဲနဲ့
အခွန်အရာရှိတွေက အခွန်ရှောင်တဲ့ ငွေလဲဌာနတွေကို ဝင်ရောက်စီးနင်း
စစ်ဆေးခဲ့ပါတယ်။
Cryptocurrency အတွက် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားရဲ့ အဓိက အရင်းအမြစ်တစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ တင်းကျပ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း တန်ဖိုးမြင့်တက်ခဲ့တဲ့ cryptocurrency ကိုထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူတွေအဖြစ် ထင်ရှားလာစေပါတယ်။
အစိုးရအနေနဲ့ ဒေသတွင်းငွေလဲနှုန်းမှာ virtual currency ကုန်သွယ်မှုကို ပိတ်ပင်ဖို့ ဥပဒေကြမ်းတစ်ခု အစိုးရက ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ တရားရေးဝန်ကြီး ပါ့ခ်ဆန်ကီက ပြောပါတယ်။
အဲဒီထုတ်ပြန်ချက်ကို ဈေးကွက်က အပြင်းအထန် တုံ့ပြန်ပြောဆိုမှုအပြီး နာရီအနည်းငယ်အကြာမှာ နိုင်ငံတွင်း virtual coin ငွေလဲနှုန်းကို ပိတ်ပင်မှုကို အပြီးမသတ်ရသေးဘဲ စဉ်းစားသုံးသပ်နေဆဲ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့ပါတယ်။
အခြားအစိုးရအေဂျင်စီတွေ အပါအဝင် နိုင်ငံတွင်းဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စည်းကမ်းထိန်းသိမ်းသူတွေနဲ့ပါ ဆွေးနွေးပြီး cryptocurrency ကုန်သွယ်ရေး ပိတ်ပင်မှုကို ထုတ်ပြန်ခဲ့တယ်လို့ တရားရေးဝန်ကြီးဌာနကို တက်ရောက်တဲ့ သတင်းစာဆရာတစ်ဦးက ပြောခဲ့ပါတယ်။
ဥပဒေကြမ်းကို ရေးဆွဲပြီးတာနဲ့ virtual coin လဲလှယ်မှုကို ချက်ချင်းပိတ်ပင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ ဥပဒေပြုလွှတ်တော်က အဖွဲ့ဝင် ၂၉၇ ယောက်ရဲ့ အဓိကမဲတွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ လအနည်းငယ် ဒါမှမဟုတ် နှစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။
တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအပြီး ကြာသပတေးနေ့ နေ့လယ်မှာ တောင်ကိုရီးယားနိုင်ငံသား ၅၅,၀၀၀ ကျော် ဟာ virtual currency ကိုပိတ်ပင်မှုကို ရပ်တန့်ဖို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ဆီ အသနားခံစာတင်ဖို့ နှိုးဆော်ထားပါတယ်။ အိမ်ပြာတော် ဝက်ဘ်ဆိုက်ဟာ ဝင်ရောက်ကြည့်ရှုနှုန်း များပြားတဲ့အတွက် ယာယီရပ်ဆိုင်းသွားခဲ့လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
စိုးထက်
Ref: Reuters

No comments:
Post a Comment