အမေရိကန်နိုင်ငံမှာ
တက်ရောက်သင်ယူနိုင်မယ့် Teaching Excellence and Achievement (TEA)
ပညာတော်သင် အစီအစဉ်အတွက် လျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်တယ်လို့
အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှ ဆရာ၊ ဆရာများအတွက် အကောင်းဆုံး သင်ကြားခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ Teaching Excellence and Achievement (TEA) ပညာတော်သင် အစီအစဉ်အတွက် စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာကဆရာ၊ ဆရာမတွေကို သူတို့ရဲ့ကျွမ်းကျင်ရာ ဘာသာရပ်တွေပိုမိုဖွံ့ဖြိုးဖို့၊ သင်ကြားရေး စွမ်းရည်တွေ ပိုမိုကောင်းမွန်ဖို့၊ အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ ပိုမိုရရှိစေဖို့အတွက် Teaching Excellence and Achievement (TEA) ပညာတော်သင် အစီအစဉ်က ပံ့ပိုးပေးတယ်ဖြစ်တယ်လို့ သိရပါတယ်။ TEA ပညာတော်သင်အစီအစဉ်က သီတင်းပတ် ခြောက်ပတ်ကြာ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရေးနည်း စနစ်တွေ၊ သင်ရိုးညွှန်းတမ်း ပိုမိုကောင်းမွန်အောင် ရေးဆွဲတာတွေ၊ သင်ခန်းစာပြု စုတာတွေနဲ့ နည်းပြဆိုင်ရာ နည်းစနစ်တွေအကြောင်း ဆွေးနွေးပွဲတွေအပါအဝင် ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်းများ ပေးအပ်မှာမဟုတ်ဘဲ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်အပ်နှင်းမယ့် အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။
လျှောက်လွှာပိတ်ရက်မှာ မတ်လ ၂ ရက်သတ်မှတ်ထားပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးပညာလေ့လာမှု ဘာသာစတဲ့ ဘာသာရပ်တွေကို သင်ကြားရေးမှာ ငါးနှစ် သို့မဟုတ် ငါးနှစ်နဲ့ အထက် အတွေ့အကြုံရှိသူ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေအားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လျှောက်လွှာများကို RangoonUSECA@state.gov သို့ အီးမေးလ်ပေးပို့ တောင်းယူနိုင်မှာ ဖြစ်ပါတယ်။
-ဝေဝေ

No comments:
Post a Comment