ကမ္ဘာ့အပါးလွှာဆုံး laptop ဖြစ်လာတဲ့ Acer Swift 7 - Gold Mobile(Mobileနည်းပညာ)

Breaking

Gold Mobile မှ Mobile Hardware,Software/Compurter Software/Software ခွေများ/Handset များ/ Accessoriesများ အား လက်လီ-လက်ကား ရောင်းချပေး-ပြင်ဆင်ပေးပါသည်။မကြာမှီ Mobile Service သင်တန်းအားဖွင့်လှစ်သွားပါမည်။ဆက်သွယ်ရန်-လိုင်သာယာ/စက်မူဇုန်(၂) ဖုန်း-09788305422 www.goldmobileygn09@gmail.com

Gold Mobile Sale & Service Center

test banner

Post Top Ad

သင့်လုပ်ငန်းကိုဒီနေရာမှာကျော်ငြာလိုက်ပါ

Post Top Ad

Monday, January 8, 2018

ကမ္ဘာ့အပါးလွှာဆုံး laptop ဖြစ်လာတဲ့ Acer Swift 7




Acer ဟာ CES 2018 ပြပွဲမှာ အလွန်ပါးလွှာ ပေါ့ပါးတဲ့ Swift 7 နဲ့ ဈေးသက်သာတဲ့ Nitor 5 gaming laptop တို့ကို ထုတ်ဖော် မိတ်ဆက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ကုန်တွေနဲ့အတူ Spin 3 နဲ့ Chromebook 11 တို့ကိုလည်း Acer က မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် IFA ပွဲမှာ ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Switch 7 Black Edition နဲ့ Predator Orion 9000 တို့ကိုလည်း မိတ်ဆက်သွားမယ်လို့ Acer က ထုတ်ပြန်ခဲ့ပါတယ်။
Swift 7 ဟာ အထူ ၈.၉၈ မီလီမီတာသာရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံး ကွန်ပျူတာ ဖြစ်တယ်လို့ Acer ကပြောပါတယ်။ Acer Swift 7 မှာ သတ္တမမျိုးဆက် Intel Core i7 ပရိုဆက်ဆာနဲ့ 4G LTE ချိတ်ဆက်မှု ပါဝင်လာပါတယ်။ ၁၄ လက်မအရွယ် full HD touch display နဲ့ ၁၀ နာရီအထိ အသုံးပြုနိုင်တဲ့ ဘက်ထရီပါဝင်လာပါတယ်။ Acer Swift 7 ကို အနက်ရောင် အလူမီနီယမ်ကိုယ်ထည်နဲ့ ဖန်တီးထားသလို ကျွမ်းကျင်အဆင့်ရှိ သုံးစွဲသူတွေအတွက် ရည်၇ွယ်ထုတ်လုပ်ထားပါတယ်။ ဒီ laptop ကို မတ်လမှာ ၁,၆၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Acer ရဲ့အဆင့်မြှင့်တင်ထားတဲ့ Nitro 5 ဟာ ဂိမ်မာတွေအတွက် ထုတ်လုပ်ထားသလို ၇၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။ Nitro 5 မှာ RX560 graphics အပြင် နောက်ဆုံးပေါ် AMD Ryzen မိုဘိုင်းချစ်ပ်နဲ့ ပိုမြန်ဆန်တဲ့ memory တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Nitro Sense GPU/CPU စောင့်ကြည့်ရေး software ပါဝင်ပြီး ပါဝင်တဲ့ အစိတ်အပိုင်းတွေအတွက် အချိန်နဲ့တစ်ပြေးညီ metrics ထောက်ပံ့မှု ပါဝင်လာပါတယ်။ Nitro 5 သစ်ကို မေလမှာ စတင်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။



Spin 3 ကတော့ ဈေးသက်သာတဲ့ ၁၄ လက်မအရွယ် ထုတ်ကုန်ဖြစ်ပြီး 360-degree rotating display ပါဝင်လာပါတယ်။ Spin 3 မှာ Intel ရဲ့ဆဋ္ဌမမျိုးဆက် ပရိုဆက်ဆာတွေပါဝင်လာပါတယ်။ ၁၂ နာရီအထိ အသုံးပြုနိုင်တဲ့ ဘက်ထရီကိုလည်း ထည့်သွင်းထားတယ်လို့ Acer ကပြောပါတယ်။ Spin 3 ကို ဖေဖော်ဝါရီလမှာ ၅၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Acer ရဲ့ ၁၁.၆ လက်မ ChromeOS စနစ်သုံး Chromebook 11 ဟာ အလွန်ပေါ့ပါးတဲ့ fanless laptop ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်ကို touch ဒါမှမဟုတ် touch မပါဝင်တဲ့ display ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားသလို ဘက်ထရီသက်တမ်း ၁၀ နာရီအထိ အသုံးပြုနိုင်ပါတယ်။ Acer ရဲ့ Chromebook 11 မှာ USB-C port နှစ်ခုနဲ့ external display တွေချိတ်ဆက်ဖို့ port တွေ ပါဝင်လာပါတယ်။ ဧပြီလအတွင်း ဒေါ်လာ ၂၄၉ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Switch 7 Black Edition နဲ့ Predator Orion 9000 Serie တွေကို ဖြန့်ချိမယ့်ရက်တွေကို Acer ကထ်ုပြန်ခဲ့ပါတယ်။ Orion 9000 Series ဟာစွမ်းဆောင်ရည်မြင့် gaming desktop ဖြစ်ပြီး Intel Core i9 Extreme Edition ပရိုဆက်ဆာနဲ့ dual Nvidia GeForce GTX 1080 Ti graphics ကတ်တွေ အသုံးပြုထားပါတယ်။ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၁,၉၉၉ နဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: PCMag

No comments:

Post a Comment

Post Top Ad

Responsive Ads Here