လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ CES 2018 မှာ တီထွင်ဆန်းသစ်တဲ့ ဖုန်းတွေနဲ့
laptop တွေပြသခဲ့သလို ထူးဆန်းတဲ့ ထုတ်ကုန်တွေကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။
Google Booth

CES ပြပွဲမှာ Google ရဲ့သုံးထပ်အဆောက်အအုံ ပြခန်းဟာ art installation တစ်ခု ဒါမှမဟုတ် ပျော်စရာနေရာတစ်ခုထက် ပိုပါတယ်။ အဲဒီမှာ သကြားလုံးကစားကွင်းတစ်ခု၊ အသေးစား ရထားလမ်းတစ်ခု၊ ဒိုးနတ်ဆိုင်တစ်ခု၊ ပြတိုက်တစ်ခု၊ သတင်းစာ stand တစ်ခုနဲ့ ကြောင်လိမ်လျှောတစ်ခုတို့ပါဝင်ပါတယ်။
Schwarzkopf Professional SalonLab haircare system

Henkel Beauty Care က Schwarzkopf Professional Salon Lab လို့အမည်ရတဲ့ Bluetooth ချိတ်ဆက်ထားတဲ့ လက်ကိုင် ထုတ်ကုန်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဆံပင်တွေကို ဆန်းစစ်ပေးပြီး ရှန်ပူဖော်မြူလာတွေကို ဖော်ပြပေးပါတယ်။ SalonLab ကို ၂၀၁၈ ခုနှစ်မှာ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ Schwarzkopf Professional ဆံပင်ညှပ်ဆိုင်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Lifx Tiles

Lifx ရဲ့အရောင်ပြောင်းလဲတဲ့ LED “Tiles” ဟာ စတုရန်းပုံ အရွယ်အစား ပရိုဂရမ်ရေးဆွဲနိုင်တဲ့ light panel တွေဖြစ်ပါတယ်။ Tiles တစ်ခုဆီမှာ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အလင်းဇုန်တွေကို ၈ x ၈ ပုံစံကွက်နဲ့ တပ်ဆင်နိုင်ပါတယ်။ Siri, Alexa နဲ့ Google Assistant ထောက်ပံ့မှုပါဝင်လာပါတယ်။
ဖေဖော်ဝါရီလကုန်မှာ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နဲ့ Best Buy ကနေ Tiles တွေကို ဝယ်ယူနိုင်ပါတယ်။ Tiles ငါးခုပါဝင်တဲ့ starter kit ကို ၂၄၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။
Nokia Sleep pad

Nokia ရဲ့ Wi-Fi ချိတ်ဆက်မှုပါဝင်တဲ့ Sleep pad ကို မွေ့ရာအောက်မှာ ထားလိုက်တဲ့အခါ အိပ်စက်တဲ့အမူအကျင့်တွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် snooze score ကိုဖော်ပြပေးပြီး ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာကို မှတ်ချက်ပေးသွားမှာ ဖြစ်ပါတယ်။ Nokia Sleep ကို ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ဒေါ်လာ ၁၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ovie Smarterware

Ovie ရဲ့ Smarterware ဟာ စားသောက်ကုန်ပစ္စည်းတွေ ဘယ်အချိန်မှာ သက်တမ်းကုန်တော့မယ်ဆိုတာကို ခြေရာခံပေးမယ့် ထုတ်ကုန် ဖြစ်ပါတယ်။ အစားအသောက်တွေမှာ အဲ့ဒီ Bluetooth ခလုတ်ကို တပ်ထားတဲ့အခါ Alexa ဒါမှမဟုတ် Google Assistant က ဘာတွေသိမ်းဆည်းထားသလဲဆိုတာနဲ့ သက်တမ်းကုန်ဆုံးမယ့်အချိန်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ခလုတ်သုံးခုပါဝင်တဲ့ ထုတ်ကုန်ကို ဒေါ်လာ ၆၀ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ နှစ်ကုန်မှာ Smarterware ကို ဈေးကွက်အတွင်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
Microsoft Glas

Microsoft Glas ဟာ နေအိမ်ရဲ့ အပူချိန်ကို ထိန်းချုပ်နိုင်ပြီး အိမ်ပြင်ပ ရာသီဥတုကို စောင့်ကြည့်ပေးတဲ့အပြင် စွမ်းအင်ချွေတာမှုကိုပါ လုပ်ပေးပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ ၃၁၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပါတယ်။
Foreo Mask

CES 2018 ရဲ့ booth မှာ ခေတ်သစ် skincare စက်မှုလုပ်ငန်း အမျိုးမျိုးကို သတိရစေဖို့ Foreo ရဲ့ booth မှာ လွှစက်တွေ၊ ကိုယ်ထည်ချပ်ဝတ်တန်ဆာတွေနဲ့ မျက်နှာတွေမှာ အဝတ်တွေပတ်ထားတဲ့ ပုံစံအမျိုးမျိုးကို ပြသထားပါတယ်။ Foreo ရဲ့စက္ကန့်နှစ်ဆယ်ကြာ skin care mask ကိုမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Foreo ရဲ့ mask ဟာ Kickstarter မှာ ဒေါ်လာ ၂၀,၀၀၀ ရည်မှန်းချက်ထက်ကျော်တဲ့ ငွေကြေး ၁၉ ဆ ရရှိနေပါပြီ။
My Special Aflac Duck

My Special Aflac Duck ဟာ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေကို နှစ်သိမ့်ပေးမယ့် ဘဲစက်ရုပ် ဖြစ်ပါတယ်။ အဲဒီစက်ရုပ်မှာ ပတ်ဝန်းကျင်အမျိုးမျိုးမှာ အသုံးပြုနိုင်သလို ဘဲစက်ရုပ်ရဲ့ အမူအကျင့်တွေကို ထိန်းညှိပေးမယ့် touch sensor တွေအပြင် light-reactive sensor တွေနဲ့ မိုက်ကရိုဖုန်းလည်း ပါဝင်လာပါတယ်။ စက်ရုပ်ဟာ သက်ရှိဘဲတစ်ကောင်လို လှုပ်ရှားပြုမူ ဆောင်ရွက်နိုင်ပါတယ်။
အဲဒီစက်ရုပ်ကို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေကိုတော့ စက်ရုပ်ကို အခမဲ့ ပေးသွားမှာ ဖြစ်ပါတယ်။
Somnox robot pillow

ခေါင်းအုံးပုံစံ စက်ရုပ်မှာ accelerometer, audio sensor တစ်ခုနဲ့ carbon dioxide sensor တို့ပါဝင်လာပါတယ်။ အဲဒီစက်ရုပ်ကို ရင်ဘတ်မှာကပ်ပြီး ဖက်ထားတဲ့အခါမှာ Somnox စက်ရုပ်ရဲ့ အသက်ရှူသံလိုမျိုး လှုပ်နေတာကို ခံစားမိတဲ့အခါ စိတ်သက်သက်သာသာနဲ့ အိပ်မောကျသွားမှာ ဖြစ်ပါတယ်။
Somnox ကို ဒီနှစ်အတွင်းမှာ ၅၅၀ ဒေါ်လာနဲ့ ရောင်းချသွားပါမယ်။
Mitipi Kevin

အိမ်တစ်အိမ်ရဲ့ အသံနဲ့ အလင်းတွေအတိုင်း အသွင်ယူပြီး ဖော်ပြပေးတဲ့ စမတ်စပီကာဖြစ်ပါတယ်။ Mitipi ဟာ လာမယ့်ရက်သတ္တပတ်အတွင်း Kevin ကို ဒေါ်လာ ၁၅၀နဲ့ Kickstarter မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တရားဝင်ရောင်းချမယ့် ဈေးနှုန်းက ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။
Spartan Radiation Underwear

ဒီ boxer ဘောင်းဘီဟာ ဖုန်းနဲ့ Wi-Fi ရောင်ခြည်တွေကို ၉၉ ရာခိုင်နှုန်း တားဆီးပေးနိုင်တယ်လို့ Spartan က ပြောပါတယ်။ Spartan boxer တွေကို ၄၂ ယူရိုနဲ့ စတင်ရောင်းချနေပါတယ်။
Myant Skiin smart underwear

အမျိုးသမီးနဲ့ အမျိုးသားဝတ် Myant ရဲ့ Skiin အောက်ခံဘောင်းဘီဟာ သွေးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို လေ့လာစောင့်ကြည့် ပေးနိုင်ပါတယ်။ ဒါ့အပြင် Energous ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့မှုပါဝင်လာပါသေးတယ်။ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။
Modius headband

Modius headband ဟာ ကိုယ်အလေးချိန်လျော့စေဖို့ အထောက်အပံ့ပေးတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ အစာစားချင်စိတ်ကို လျှော့ချပေးဖို့ homeostasis ကိုလျှော့ချပေးပြီး metabolism ကိုတိုးမြှင့်ကာ ကိုယ်ခန္ဓာဝဖြိုးမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။
Nanoleaf

နေအိမ်တွင်းက အလင်းအမှောင် အရောင်တွေကို လိုသလိုရရှိနိုင်တဲ့ Nanoleaf ရဲ့ panel တွေမှာ မိုက်ကရိုဖုန်းနဲ့ motion sensor ပါဝင်တာကြောင့် သီချင်းနဲ့ sync လုပ်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို မထုတ်ပြန်သေးပါဘူး။
YaDoggie smart scoop

ခွေးစာတွေကို ခပ်နိုင်တဲ့ YaDoggie smart scoop ဟာ အစာခူးခပ်ကျွေးသူကို ခြေရာခံနိုင်ဖို့ Bluetooth ချိတ်ဆက်မှုနဲ့ app တစ်ခုလည်း ပါဝင်လာပါတယ်။ အဲဒီ smart scoop ကို ဝယ်ယူလိုသူတွေအနေနဲ့ subscription plan မှာ မှတ်ပုံတင်ထားနိုင်ပါတယ်။
Toyota e-Palette concept vehicle

အနာဂတ် ပီဇာနဲ့ စာပို့ယာဉ် ဖြစ်လာမယ့် Toyota e-Palette ကားဟာ အရွယ်မျိုးစုံထုတ်လုပ်ထားပြီး ပုံစံမျိုးစုံနဲ့ ရရှိနိုင်ပါတယ်။ အဲဒီစီမံကိန်းမှာ Amazon, Pizza, Uber နဲ့ အခြားကုမ္ပဏီတွေလည်း ပါဝင်လုပ်ကိုင်နေပါတယ်။
ForwardX CX-1 suitcase

ForwardX ဟာ လက်နဲ့ကိုင်စရာမလိုဘဲ အလိုအလျောက် သွားလာနိုင်ပြီး သုံးစွဲသူနောက်က လိုက်ပါမယ့် ခရီးဆောင်အိတ်ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ အဲဒီခရီးဆောင်အိတ်ကို ရောင်းချဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်။
NeoMano robotic glove

ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူတွေ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရာမှာ အကူအညီပေးမယ့် လက်အိတ် ဖြစ်ပါတယ်။ NeoMano ဟာ Kickstarter မှာရံပုံငွေရှာဖွေသွားမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချလာနိုင်ပါတယ်။
Ingenious things Myteepi Woody

Myteepi Woody ဟာ alarm အသံကို နားထောင်ပေးသလို အခန်းအပူချိန်၊ စွတ်စိုမှုနဲ့ လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့် ပေးပါတယ်။ လအနည်းငယ်အတွင်း Kickstarter ရန်ပုံငွေရှာဖွေသွားမှာ ဖြစ်ပြီး ဥရောပနဲ့ အမေရိကန်မှာ ရောင်းချသွားပါမယ်။ လက်လီဈေးနှုန်း ၁၉၉ ယူရိုနဲ့ ရောင်းချသွားမှာ ဖြစ်ပေမယ့် အမေရိကန်မှာ ရောင်းချမယ့် ဈေးကိုတော့ မထုတ်ပြန်သေးပါဘူး။
Vuzix Blade

Vuzix မှာ ကင်မရာနဲ့ မိုက်ကရိုဖုန်း ထည့်သွင်းထားပြီး ဘေးဘက်မှာ touchpad ပါဝင်ပါတယ်။ ဖုန်းခေါ်ဆိုမှုကို ဖြေကြားနိုင်ပြီး Alexa လည်း ပါဝင်လာပါတယ်။
Helite Hip’Air

ခါးပတ်အိတ်နဲ့ဆင်တဲ့ Hip’Air မှာ sensor တွေ၊ ဘက်ထရီတစ်ခုနဲ့ လေအိတ်တွေအပြင် ari catridge တစ်ခုလည်း ပါဝင်လာပါတယ်။ ဝတ်ဆင်ထားတဲ့ သုံးစွဲသူက ပြုတ်ကျတဲ့အခါမှာ sensor က လေအိတ်တွေကို ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဒေါ်လာ ၆၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Heatworks Tetra

ပန်းကန်ခွက်ယောက်တွေကို ဆေးကြောပေးပြီး အင်တာနက်ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ Tetra ဟာ ဒေါ်လာ ၂၉၉ ကျသင့်မှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
Rokid Glass

Rokid Glass မှာ ၄၀ ဒီဂရီ field of view နဲ့ embed လုပ်ထားတဲ့ OLED 1080p အသုံးပြုပြီး ရုပ်ပုံတစ်ပုံကို ဖော်ပြပေးနိုင်ပါတယ်။ ရုပ်ပုံတွေအားလုံးအတွက် voice assistant ပါဝင်ပါတယ်။
L’Oreal UV Sense

L’Oreal ရဲ့ဘက်ထရီမပါဝင်တဲ့ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်ဟာ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အသားအရေ ပျက်စီးမှုကို ခြေရာခံပေးနိုင်ပါတယ်။ အထူ ၂ မီလီမီတာရှိပြီး အချင်း ၉ မီလီမီတာ ရှိပါတယ်။ သေးငယ်တဲ့ အီလက်ထရောနစ် UV sensor ကို လက်သည်း ဒါမှမဟုတ် မျက်မှန်မှာ တပ်ထားနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အရေပြားရောဂါကုဆရာဝန်တွေဆီက ဝယ်ယူနိုင်ပြီး ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ခန့်မှန်းတန်ဖိုးက ဒေါ်လာ ၄၀ ဖြစ်ပါတယ်။
Planet Computers Gemini

Gemini မှာ 10-core ပရိုဆက်ဆာအပြင် storage 64GB နဲ့ 4G, Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုတို့ ပါဝင်လာပါတယ်။ Indiegogo ကနေတစ်ဆင့် ကြိုတင်မှာယူနိုင်ပါတယ်။ Gemini 4G LET ကို ၅၉၉ ဒေါ်လာ၊ Wi-Fi သီးသန့်မော်ဒယ်ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။
Kolibree Magik smart toothbrush

Magik စမတ်သွားတိုက်တံမှာ computer vision technology, motion tracking တို့ပါဝင်သလို ဖုန်းရဲ့ ရှေ့ကင်မရာနဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ augmented reality gaming app နဲ့ အသုံးပြုနိုင်ပါတယ်။
Kohler Numi Intelligent Toilet

Kohler ရဲ့စမတ်အိမ်သာမှာ hands-free flushing နဲ့ အင်တုံ သန့်စင်မှုပါဝင်ပြီး ခြေဖဝါးကို နွေးထွေးအောင် လုပ်ပေးနိုင်သလို အနံ့အသက်ပျောက်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သီချင်းတွေ နားထောင်နိုင်သလို အပူချိန်ကို အလိုအလျောက်ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် ရေဆွဲချဖို့အတွက် Alexa ကိုခိုင်းစေနိုင်ပါတယ်။
Moodo scent machine

ပတ်ဝန်းကျင်က အနံ့အသက်တွေကို ကောင်းမွန်အောင် ပြုလုပ်ပေးမယ့် Moodo ရဲ့ Wi-Fi နဲ့ Alexa ထောက်ပံ့မှုပါ scent machine ဖြစ်ပါတယ်။ ၁၈၉ ဒေါ်လာနဲ့ moodo.co မှာ ရောင်းချပေးနေပါတယ်။
Volkswagen I.D.Buzz

Vokswagen နဲ့ Nvidia တို့ပူးပေါင်းပြီး I.D. Buzz လို့ခေါ်တဲ့ ကားကို ဖန်တီးထားပါတယ်။ Nvidia ရဲ့ Drive IX platform ဟာ ကားပိုင်ရှင်ကိုမှတ်မိပြီး တံခါးလော့ဖွင့်ပေးနိုင်ပါတယ်။ ကားအတွင်း အတွေ့အကြုံတွေကိုလည်း စိတ်ကြိုက်ဖြစ်အောင် ပြုလုပ်ထားနိုင်ပါတယ်။ I.D. Buzz ဟာ concept အဆင့်ပဲရှိပါသေးတယ်။
Elmer Smart Shower

ဒီ shower မှာ Amazon Alexa အထောက်အပံ့ပါဝင်ပြီး သီချင်းတွေ ဖွင့်ထားနိုင်သလို ဆပ်ပြာမြှုပ်တွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ Elmer ရဲ့ Smart Shower ပုံစံအမျိုးမျိုးကို ဒေါ်လာ ၁,၅၀၀ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Yevo Bluetooth headphones

Yevo ရဲ့ Bluetooth နားကြပ်တွေကို CES မှာပြသဖူးပါတယ်။ ဆွီဒင်ကုမ္ပဏီ Yevo ဟာ စွန့်ပစ်ထားတဲ့ သေနတ်တွေရဲ့ အစိတ်အပိုင်းကို သုံးပြီး ဖန်တီးထားပါတယ်။ သေနတ်ကြောင့် ဖြစ်တဲ့ အကြမ်းဖက်မှု ပြဿနာကို လူတွေသတိထားမိအောင် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ Yevo ဟာ လာမယ့်လအနည်းငယ်အတွင်း နားကြပ်တွေကို ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Foreo UFO

Foreo UFO ဟာ ပထမဆုံး smart mask ကုထုံးတစ်ခု ဖြစ်ပါတယ်။ မျက်နှာကို LED light ရောဂါကုထုံး၊ သာမိုကုထုံးနဲ့ T-Sonic pulsation တွေနဲ့ပေါင်းစပ်ပြီး စက္ကန့် ၉၀ နဲ့ မျက်နှာကို ကုသပေးပါတယ်။ Foreo UFO ကို ၂၇၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်သလို သေးငယ်တဲ့ UFO Mini ကို ၁၇၉ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Kickstarter မှာလည်း ရန်ပုံငွေ ရှာဖွေနေပါတယ်။
Ref: CNET

No comments:
Post a Comment