Dell XPS 15 2-in-1
Dell ရဲ့ XPS စီးရီး laptop တွေဟာ ဝယ်ယူနိုင်တဲ့ အကောင်းဆုံး Windows ထုတ်ကုန်တွေထဲမှာ ပါဝင်ပါတယ်။ CES 2018 မှာ Dell က ၁၅ လက်မ XPS 15 2-in-1 သစ်ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီထုတ်ကုန်သစ်မှာ Intel ရဲ့ 8th-gen CPU နဲ့ AMD ရဲ့ Vega M GPU တို့ ပါဝင်ပါတယ်။
XPS 15 2-in-1 ကို ဧပြီလဝန်းကျင်မှာ ၁,၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
Acer Swift 7
CES 2018 မှာ Acer က Swift 7 ကို ကမ္ဘာ့အပါးဆုံး laptop ဆိုပြီး ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ စတိုင်ကျလှပတဲ့ ဒီ laptop မှာ ၁၄ လက်မ touchscreen ပါဝင်ပြီး အထူက ၈.၉၈ မီလီမီတာပဲရှိပါတယ်။
ဒီ laptop ကို ဧပြီလမှာ ၁,၆၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။
Razer Project Linda
Razer ရဲ့ 2018 concept prototype က Project Linda ဖြစ်ပါတယ်။ Project Linda က Razer ဖုန်းကို tablet အဖြစ် ပြောင်းလဲအသုံးပြုစေနိုင်ပါတယ်။ Razer ဖုန်းက laptop ရဲ့ processing power, touchpad နဲ့ ဒုတိယ screen တစ်ခုအဖြစ် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
Acer Nitro 5
Gaming laptop အတွက် ဒေါ်လာထောင်ချီ အကုန်ကျခံစရာမလိုပါဘူး။ Acer Nitro 5 ဟာ AMD Radeon RX560 GPU နဲ့ AMD Ryzen processor အသုံးပြုထားတဲ့ ၁၅.၆ လက်မ laptop ဖြစ်ပါတယ်။ တန်ဖိုးက ၇၉၉ ဒေါ်လာကနေ စတင်ပါတယ်။ အမြင့်ဆုံးမော်ဒယ်ကို 512 SSD hard drive, 32GB RAM နဲ့ ရရှိနိုင်ပါတယ်။ ဒီ laptop ကို မေလမှာ ဖြန့်ချိမှာဖြစ်ပါတယ်။
HP Spectre x360
XPS 15 က CES 2018 မှာပြသခဲ့တဲ့ တစ်ခုတည်းသော 2-in-1 ထုတ်ကုန်မဟုတ်ပါဘူး။ HP ရဲ့ နောက်ဆုံးပေါ် Spectre x360 ကလည်း creative တွေနဲ့ လုပ်ငန်းသုံးအတွက် သင့်တော်တဲ့ laptop တစ်ခုဖြစ်ပါတယ်။ ဒီ ၁၅.၆ လက်မ 2-in-1 မှာ quad-core 8th-gen Intel CPU ပါဝင်ပါတယ်။ GPU ကိုတော့ Radeon RX Vega M ဒါမှမဟုတ် Nvidia GeForce MX150 ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ 4K touchscreen ကို အကျိုးရှိရှိ အသုံးချဖို့အတွက် HP Tilt Pen stylus တစ်ခုပါဝင်ပါတယ်။
ဒီ laptop ကို မတ်လကစပြီး Best Buy နဲ့ HP.com ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၁,၃၇၀ ဒေါ်လာ ကနေ စတင်မှာဖြစ်ပါတယ်။
Zotac Mek 1
Zotac Mek 1 ကလည်း gaming PC တစ်ခုဖြစ်ပါတယ်။ ပါဝါခလုတ်ကို စက်ရုပ်မျက်လုံးပုံစံ ဖန်တီးထားပါတယ်။ 7th-gen Intel processor နဲ့ Nvidia GeForce 1070Ti အတွက် ဒေါ်လာ ၁,၂၀၀ ကနေ ဒေါ်လာ ၁,၄၀၀ အတွင်း ကျသင့်နိုင်ပါတယ်။
Lenovo Miix 630
ဒီဇင်ဘာလက HP နဲ့ Asus ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာပါဝင်တဲ့ Qualcomm Snapdragon 835 processor အသုံးပြုထားတဲ့ Windows 10 laptop တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။ ဒီ laptop တွေရဲ့ ဘက်ထရီသက်တမ်းက အလွန်ကြာရှည်ခံပြီး နာရီ ၂၀ ကျော်အထိ အသုံးပြုနိုင်ပါတယ်။
အခုဆိုရင် Lenovo ကလည်း Snapdragon 835 သုံးထားတဲ့ Miix 630 ကို CES 2018 မှာ မိတ်ဆက်ခဲ့ပါတယ်။ Miix 630 ဟာ 2-in-1 ဖြစ်တာကြောင့် tablet ကို keyboard နဲ့ချိတ်ဆက်ပြီး laptop တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကို နာရီ၂၀ ကြာအထိ အသုံးပြုနိုင်တယ်လို့ Lenovo ပြောပါတယ်။
Miix 630 ကို ၂၀၁၈ ဒုတိယသုံးလပတ်မှာ စတင်ရောင်းချမယ်လို့ဆိုပါတယ်။ တန်ဖိုးက ၇၉၉ ဒေါ်လာကနေ စတင်မှာဖြစ်ပါတယ်။
Lenovo Thinkpad X1 Carbon နဲ့ Yoga X1
Lenovo ဟာ သမားရိုးကျ productivity laptop တွေဖြစ်တဲ့ Thinkpad X1 Carbon နဲ့ Yoga X1 တို့ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
ဒီ laptop သစ်တွေမှာ Intel ရဲ့ 8th-gen processor တွေကို အသုံးပြုထားပါတယ်။ Display တွေကိုလည်း အဆင့်မြှင့်ထားပြီး 2,560 x 1,440-pixel နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ laptop တွေမှာ ၁၀၀ ရာခိုင်နှုန်း Adobe RGB color gamut ပါဝင်ပြီး အလင်းကို 500 nits အထိ ထောက်ပံ့ပေးထားပါတယ်။ Dolby Vision HDR ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
HP Envy x2
HP ဟာ ဒီဇင်ဘာလက Qualcomm Snapdragon CPU ကို Windows 10 ကွန်ပျူတာမှာ ထည့်သွင်းခဲ့တဲ့ ပထမဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Intel Core chip ပါဝင်တဲ့ မော်ဒယ်ကို HP က CES မှာ မိတ်ဆက်ခဲ့ပါတယ်။
Snapdragon မော်ဒယ်ရဲ့ ဘက်ထရီက နာရီ ၂၀ တာရှည်ခံပေမယ့် Intel Core မော်ဒယ်ကတော့ ၁၅ နာရီပဲ တာရှည်ခံပါတယ်။ ဒါပေမဲ့ 7th-gen Intel processor ကြောင့် အလွန်လျင်မြန်တဲ့ စွမ်းဆောင်ရည်ကို ရရှိနိုင်ပါလိမ့်မယ်။
တန်ဖိုးနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။
Lenovo Smart Display
Google Assistant ပါဝင်တဲ့ ထုတ်ကုန်တွေကို ၂၀၁၈ ခုနှစ်ထဲမှာ ပိုမိုတွေ့မြင်ရဖို့ရှိပါတယ်။ အဲ့ဒီထုတ်ကုန်တွေထဲက တစ်ခုကတော့ Lenovo ရဲ့ ဒေါ်လာ ၂၀၀ တန် Smart Display ဖြစ်ပါတယ်။ Echo နဲ့ Google Home smart spaker လိုပဲ အသံနဲ့စေခိုင်းပြီး အင်တာနက်ပေါ်မှာ ရှာဖွေတာ၊ သီချင်းဖွင့်တာနဲ့ စမတ်အိမ်သုံးထုတ်ကုန်တွေကို ထိန်းချုပ်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။
ဒေါ်လာ ၂၀၀ တန် မော်ဒယ်က ၈ လက်မဖြစ်ပါတယ်။ ၁၀ လက်မ မော်ဒယ်အတွက်က ဒေါ်လာ ၂၅၀ ကျသင့်မှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးကို နွေရာသီမှာ ရောင်းချသွားမှာဖြစ်ပါတယ်။
Dell Inspiron Gaming Desktop
Dell ရဲ့ Inspiron gaming စီးရီးကတော့ ဘတ်ဂျက်သမားတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီ Inspiron desktop သစ်တွေရဲ့ တန်ဖိုးက ဒေါ်လာ ၈၀၀ ကနေ စတင်မှာဖြစ်ပါတယ်။ အမြင့်ဆုံးမော်ဒယ်ကို 8th-gen Intel processor သစ်၊ Nvidia GeForce 1070 နဲ့ ရရှိနိုင်ပါတယ်။
Asus Zenbook Flip 14
Asus ရဲ့ Zenbook Flip 14 ကလည်း 2-in-1 ထုတ်ကုန်ဖြစ်ပါတယ်။
အထူ ၁၃.၉ မီလီမီတာပဲ ရှိတာကြောင့် laptop က ပါးလျပြီး စတိုင်ကျပါတယ်။ Nvidia GeForce MX150 GPU, 8th-gen Intel CPU, 512GB SSD နဲ့ port များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် 1,024 pressure levels ရှိတဲ့ Asus Pen stylus လည်း ပါဝင်ပါတယ်။
တန်ဖိုးနဲ့ ရောင်းချမယ့်အချိန်ကို မကြေညာသေးပါဘူး။
Ref: CNET

No comments:
Post a Comment