စက်မှုဝန်ကြီးဌာနက
ကြီးမှူးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) နှင့် Myanmar
Promotional Services Co., Ltd တို့မှ ပူးပေါင်းကာ
တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ (Inventor Award) ပြိုင်ပွဲကို
ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့၊ ဉီးဝိစာရ လမ်းမပေါ်ရှိ
တပ်မတော်ခန်းမတွင် ကျင်းပသွားမယ်လို့ သိရပါတယ်။
နိုင်ငံသားတိုင်း၏ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများကို မြေတောင်မြှောက် မြှင့်တင်ပေးခြင်းဖြင့် အနာဂတ်တွင် နည်းပညာ အဆင့်အတန်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး အဆိုပါပြိုင်ပွဲကို ကဏ္ဍ(၄) ခုနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမယ်လို့ သိရပါတယ်။ ကဏ္ဍ (၄) ခု အနေနဲ့ Technical University, Technical College, Technical High School, Open Competition ဆိုပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို “စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲကြီး” (4th International Technology & Industry Show 2018 Yangon) မှာ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ၃ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ပြိုင်ပွဲကျင်းပရေးကော်မတီ Myanmar Promotional Services Co., Ltd ဖုန်း ၀၉- ၇၈၈၀၀၀၉၆၆၊ ၀၁- ၅၁၃၉၀၃ နဲ့ ၀၉- ၄၃၀၄၉၈၃၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
-ဝေဝေ

No comments:
Post a Comment