Facebook ဟာ စိစစ်ထားတဲ့ရင်းမြစ်တွေက ပြည်တွင်းသတင်းတွေကို သုံးစွဲသူတွေ အလွယ်တကူ ဖတ်ရှုနိုင်စေဖို့ ဆန္ဒရှိနေပါတယ်။
နာမည်ကျော်လူမှုကွန်ရက်ကြီးဟာ “Today In” လို့ခေါ်တဲ့ ကဏ္ဍသစ်တစ်ခုကို app အတွင်းမှာ စမ်းသပ်နေပါတယ်။ အဲ့ဒီကဏ္ဍသစ်ဟာ ပြည်တွင်းသတင်းတွေ၊ အခမ်းအနားတွေနဲ့ ကြေညာချက်တွေကိုပဲ ဖော်ပြပေးမယ့် feed တစ်ခု ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ်မှုကို New Orleans, Little Rock, Billings, Peoria, Olympia နဲ့ Binghamton စတဲ့ မြို့ခြောက်မြို့မှာ ပြုလုပ်နေပါတယ်။ အဲ့ဒီဒေသမှာ နေထိုင်တဲ့ Facebook သုံးစွဲသူတွေအနေနဲ့ အဆိုပါကဏ္ဍသစ်ကို အသုံးပြုတဲ့အခါမှာ ပြည်တွင်း သတင်းဌာနတွေရဲ့ သတင်းတွေနဲ့ ပြည်တွင်းအာဏာပိုင်တွေရဲ့ အရေးပေါ် update တွေ အပါအဝင် ပြည်တွင်း သတင်း အချက်အလက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အဲ့ဒီကဏ္ဍသစ်မှာ content တွေဖော်ပြဖို့အတွက် Facebook က machine-learning ကို အသုံးပြုထားပါတယ်။ အဲ့ဒီ feed မှာ ပေါ်လာမယ့် ပြည်တွင်းသတင်းဌာနတွေကို ကုမ္ပဏီရဲ့ News Partnerships အဖွဲ့က အတည်ပြုစိစစ်ထားပါတယ်။ အဆိုပါအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲသူ NBC သတင်းတင်ဆက်သူဟောင်း Campbell Brown ဖြစ်တယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါဟာ Facebook ရဲ့ Journalism Project ပဏာမခြေလှမ်း ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲက လူမှုကွန်ရက်ပေါ်မှာ သတင်းအတုတွေ ပျံ့နှံ့ခဲ့ပြီး Donald Trump ရဲ့ အံ့အားသင့်ဖွယ်အောင်မြင်မှုမှာ Facebook က တစ်စိတ်တစ်ပိုင်း ပါဝင်စေခဲ့တယ်လို့ ထောက်ပြဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အဆိုပါ ပမာဏခြေလှမ်းကို Facebook က စတင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း Facebook က Facebook Local လို့ခေါ်တဲ့ standalone events app ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ app ဟာ သုံးစွဲသူတွေကို စားသောက်ဆိုင်တွေနဲ့ အနီးအနားက အခမ်းအနားတွေကို ရှာဖွေပြသပေးနိုင်တယ်လို့ သိရပါတယ်။
-နောင်နောင်
Ref: Recode

No comments:
Post a Comment