Myanmar Youth Technopreneurship အစီအစဉ်ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား လျှောက်ထားနိုင် - Gold Mobile(Mobileနည်းပညာ)

Breaking

Gold Mobile မှ Mobile Hardware,Software/Compurter Software/Software ခွေများ/Handset များ/ Accessoriesများ အား လက်လီ-လက်ကား ရောင်းချပေး-ပြင်ဆင်ပေးပါသည်။မကြာမှီ Mobile Service သင်တန်းအားဖွင့်လှစ်သွားပါမည်။ဆက်သွယ်ရန်-လိုင်သာယာ/စက်မူဇုန်(၂) ဖုန်း-09788305422 www.goldmobileygn09@gmail.com

Gold Mobile Sale & Service Center

test banner

Post Top Ad

သင့်လုပ်ငန်းကိုဒီနေရာမှာကျော်ငြာလိုက်ပါ

Post Top Ad

Thursday, January 11, 2018

Myanmar Youth Technopreneurship အစီအစဉ်ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား လျှောက်ထားနိုင်



Myanmar Youth Technopreneurship Development Program – 2018 ကို ပါဝင်လိုသူတွေအနေနဲ့ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
 
အဲဒီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေ Presentation ပြုလုပ်ရာမှာ မြန်မာဘာသာနဲ့ပဲ ပြုလုပ်နိုင်တယ်လို့ ကျင်းပရေးကနေ သိရပါတယ်။ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်စေရေးအတွက် Myanmar Youth Technopreneurship Development Program-2018 အစီအစဉ်ကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များပါဝင်နိုင်ပြီး အဖွဲ့ဝင် ၂ ဦးမှ ၅ ဦး ပါဝင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မယ့် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုမှာ Entertainment, Open Data, Civic Tech, Business, Agriculture, Society, Health Care, Education စတဲ့ နယ်ပယ်တွေမှ ဖြစ်ရန်လိုအပ်ပြီး နည်းပညာနှင့် ဆက်နွယ်သော ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု ဖြစ်ရမယ်လို့ သိရပါတယ်။

“အနိုင်ရရှိသူတွေဟာ Kanaung Hub မှာ ခြောက်လရုံး ခန်းဖွင့်ခွင့်ရမယ်၊ စီးပွားရေးအခွင့်အလမ်းတွေ တင်မဟုတ်ဘူး၊ အောင်မြင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်ဥက္ကဌ ဦးခွန်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ထောက်ပံ့ကူညီမှု၊ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် (MCF) ရဲ့ စီမံကွပ်ကဲမှုတို့နဲ့ Kanaung Hub မှ ကျင်းပမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ နည်းပညာရှင် လူငယ်တွေအနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေး၊ ပြည်သူလူထုအတွင်း နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးအဖြစ် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ Myanmar Youth Technopreneurship Development Program-2018 ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mmtechnopreneurship.com မှလည်းကောင်း၊ ဒေသခံ MPT ရုံးများမှလည်းကောင်း၊ သက်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့်လည်းကောင်း လျှောက်လွှာတွေ လက်ခံသွားမယ်လို့ သိရပါတယ်။ လျှောက်လွှာတွေကို ဇန်နဝါရီ ၁၈ ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဆန်ခါတင်အဆင့် ရွေးချယ်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပမှာဖြစ်ပြီး အောက်မြန်မာပြည် (ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး) ပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှ ငါးသင်း၊ အထက်မြန်မာပြည် (ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်) ပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှာ ငါးသင်းတို့ကို အသီးသီး ဆန်ခါတင်အဆင့်အနေနဲ့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ အသင်း ၁၀ သင်းကို ရန်ကုန်မြို့ MICT Park ရှိ Kanaung Hub မှာ လေ့ကျင့်သင်ကြားပေးခြင်းတွေကို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကိုပြုလုပ်ပြီး ဆန်ခါ တင်အဆင့် ရွေးချယ်ခံထားရတဲ့ အသင်း ၁၀ သင်းမှ အကောင်းဆုံး သုံးသင်းကိုရွေးချယ်ပြီး Myanmar Youth Technopreneurship Development Program-2018 Award ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ ကျန်ရှိသော အသင်း ၇ သင်းအား နှစ်သိမ့်ဆုများ ချီးမြှင့်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
 လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် အခက်အခဲများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြေရှင်းနိုင်သော နည်းလမ်းကို အဆိုပြုတင်သွင်းခြင်းနှင့် ယင်းကိုစီးပွားရေးအရ လုပ်ငန်းတစ်ခုအဖြစ် မည်ဆောင်ရွက်နိုင်မည်ဆိုသည့်အချက်ကို တင်ပြခြင်းအပါအဝင် မိမိတို့ရဲ့ထုတ်ကုန် သို့မဟုတ်နည်း လမ်းအတွက် မျှော်လင့်ထားတဲ့ ဈေးကွက်နယ်ပယ်ကိုလည်း ဖော်ပြသွားရန် လိုအပ်မယ်လို့ လည်း သိရပါတယ်။ အနိုင်ရရှိတဲ့ အသင်းကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆုံးဖြတ်ပေးသွားမှာဖြစ်ကြောင်း၊ အနိုင်ရရှိတဲ့ အသင်းဟာ ဆုကြေးငွေ ကျပ်သိန်း ၅၀ နှင့်အတူ ၂၀၁၈ ခုနှစ် မတ်လမှစတင်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုစင်တာ kanaung Hub မှာ အခြားသောအောင်မြင်မှုရရှိနေတဲ့ လုပ်ငန်းတွေနဲ့အတူ အနီးကပ် အလုပ်လုပ်ကိုင်နိုင်မယ့် နေရာတစ်ခုကို ခြောက်လအခမဲ့ အသုံးပြုခွင့် ရရှိမယ်လို့ သိရပါတယ်။

“ပင်ကိုယ် အရည်အသွေး ကောင်းမွန်တဲ့ လူငယ်တွေရဲ့ အနာဂတ်အစီအစဉ်တွေကို သယ်ဆောင်ပေး သွားမှာဖြစ်ပါတယ်၊ နည်း ပညာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုတဲ့ လူငယ်တွေ ဒီအစီအစဉ်မှာ ပါဝင်မယ်လို့မျှော် လင့်ထားကြပါတယ်” ဟု MPT-KSGM ကုမ္ပဏီ၏ ဥပဒေနှင့် ညှိနှိုင်းရေးရာဌာန မှ ဒါရိုက်တာ ဦးမျိုးသန့်က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်ကပြောကြားခဲ့ပါတယ်။
-ထွန်းထွန်း

No comments:

Post a Comment

Post Top Ad

Responsive Ads Here