အလွန်မြန်ဆန်သည့် မျိုးဆက်သစ် 802.11ax Wi-Fi ကို ယခုနှစ်တွင် Intel မိတ်ဆက်မည် - Gold Mobile(Mobileနည်းပညာ)

Breaking

Gold Mobile မှ Mobile Hardware,Software/Compurter Software/Software ခွေများ/Handset များ/ Accessoriesများ အား လက်လီ-လက်ကား ရောင်းချပေး-ပြင်ဆင်ပေးပါသည်။မကြာမှီ Mobile Service သင်တန်းအားဖွင့်လှစ်သွားပါမည်။ဆက်သွယ်ရန်-လိုင်သာယာ/စက်မူဇုန်(၂) ဖုန်း-09788305422 www.goldmobileygn09@gmail.com

Gold Mobile Sale & Service Center

test banner

Post Top Ad

သင့်လုပ်ငန်းကိုဒီနေရာမှာကျော်ငြာလိုက်ပါ

Post Top Ad

Monday, January 8, 2018

အလွန်မြန်ဆန်သည့် မျိုးဆက်သစ် 802.11ax Wi-Fi ကို ယခုနှစ်တွင် Intel မိတ်ဆက်မည်

 
Wi-Fi စံသတ်မှတ်ချက် 802.11ac ရဲ့မျိုးဆက်သစ် 802.11ax ဟာ အရင်မျိုးဆက်ထက် လေးဆမြန်ဆန်သလို hotspot တွေလိုမျိုး ထုတ်ကုန်တွေ အများအပြားကို တစ်ပြိုင်နက်တည်း ချိတ်ဆက်တဲ့အခါ စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ သိရပါတယ်။



ဒီနှစ်မှာ 802.11ax ထောက်ပံ့မှုပါဝင်တဲ့ ချစ်ပ်တွေကို တင်ပို့ရောင်းချဖွယ်ရှိတယ်လို့ Intel က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မတိုင်မီမှာ 802.11ax Wi-Fi စံသတ်မှတ်ချက်ကို အသုံးပြုသွားမယ်လို့ Wi-Fi Alliance က ထုတ်ပြန်ခဲ့ပါတယ်။ “802.11ax နဲ့ဆင်တဲ့ lab အခြေပြု နည်းပညာကို စမ်းသပ်ခဲ့တဲ့အခါ Huawei ရဲ့ အမြင့်ဆုံးမြန်နှုန်းဟာ 10.53Gbps ရှိသလို တစ်စက္ကန့်မှာ data လွှဲပြောင်းမှု 1.4 gigabytes နီးပါးရှိတယ်” လို့ L-Com ကဖော်ပြခဲ့ပါတယ်။

802.11ax စံသတ်မှတ်ချက်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ 802.11ax ချစ်ပ်တွေကို ဖြန့်ချိမယ်လို့ Qualcomm က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှပဲ 802.11ax စံသတ်မှတ်ချက်ကို တရားဝင် ထုတ်ပြန်နိုင်ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာထုတ်လုပ်မယ့် ချစ်ပ်တွေမှာ အဲဒီစံသတ်မှတ်ချက်ကို ထည့်သွင်းဖို့ အသင့်ရှိနေပြီလို့ ဆိုပါတယ်။

802.11ax ဟာ 5GHz band နဲ့လည်ပတ်ဆောင်ရွက်ပြီး MIMO-OFDA (multiple-input-multiple-output နဲ့ orthogonal frequency division multiple access) ကို အကျိုးရှိရှိ အသုံးချတယ်လို့ သိရပါတယ်။

စိုးထက်
Ref: PocketNow

No comments:

Post a Comment

Post Top Ad

Responsive Ads Here