မေး – မောင်လေးနာမည်နဲ့ UMG College Myanmar မှာ တက်ရောက်ခဲ့တဲ့ အတန်းနဲ့မေဂျာလေး သိပါရစေ။
ဖြေ – ကျွန်တော့်နာမည်ကတော့ မောင်ကောင်းမြတ်ထက်ပါ။ UMG college Myanmar မှာ 5-batch Civil Engineering Major နဲ့ ပညာသင်ကြားခဲ့တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
မေး – လက်ရှိလုပ်ငန်းခွင် ဝင်နေလား။ ဘယ်မှာ အလုပ်ဝင်နေတယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ – အခု 4E Engineering Group Co.Ltd မှာ Site Engineer အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
မေး – UMG College Myanmar ကို ဘယ်လိုရွေးချယ်ပြီး တက်ရောက်ခဲ့တာပါလဲ ။
ဖြေ – ဆယ်တန်းအောင်မြင်ပြီးတော့ engineering ကျောင်းတက်ဖို့ စုံစမ်းတဲ့အခါ UMG College Myanmar ဟာ သင့်တင့်တဲ့ ကျောင်းစရိတ်လဲ ဖြစ်တယ်၊ ပညာရေးကို ဦးစားပေးတဲ့ကျောင်းလဲဖြစ်တဲ့အတွက် တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
မေး – ကျောင်းမှာ စာသင်ခဲ့ရတဲ့ မောင်လေးရဲ့ အတွေ့အကြုံလေး ဝေမျှပေးပါဦး။
ဖြေ – UMG College Myanmar မှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက ပညာရေးနယ်ပယ်မှာ အတွေ့အကြုံများတဲ့ ဝါရင့် ဆရာ၊ ဆရာမတွေ ဖြစ်တဲ့အတွက် ထိရောက်တဲ့ သင်ကြားမှုပုံစံနဲ့ သင်ကြားခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် ဆရာနဲ့ကျောင်းသား ဘာသာရပ်အပေါ် အပြန်အလှန် ဆွေးနွေးခြင်းဟာ grading ကောင်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ စာသင်ချိန်မဟုတ်တဲ့ ပြင်ပချိန်တွေမှာလဲ နားမလည်တဲ့စာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါတယ်။
မေး – နောက်ထပ် ဘာတွေပြင်ဆင်နေလဲ ။ ရှေ့ဆက်မယ့် အနာဂတ်ရည်မှန်းချက်လေး သိပါရစေ။
ဖြေ – Bachelor တန်းဆက်တက်ဖို့အတွက် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတစတဲ့ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်။ ဘွဲ့ရပြီးရင်လဲ အရည်အသွေးပြည့်ဝတဲ့ အင်ဂျင်နီယာကောင်း တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားမှာပါ။
မေး – ပညာသင်ယူကြမယ့် Junior ညီငယ်၊ ညီမငယ်တွေကို ပြောချင်တဲ့စကား။
ဖြေ – Grading ကောင်းချင်ရင် library နဲ့ websites တွေမှာ စာများများဖတ်ပြီး assignment ကို ကိုယ့် idea နဲ့ ကိုယ် ရေးစေချင်ပါတယ်။ ဘယ်အရာမှ အလကားမရပါဘူး။ နောက်ဆုံး graduation မှာ သူများထက်သာချင်ရင်၊ ကိုယ့်မိဘတွေ ကိုယ့်အတွက် ဂုဏ်ယူတာလိုချင်ရင် ခုကတည်းက သူများထက် ပိုအပင်ပန်းခံကြပါလို့ ပြောချင်ပါတယ်။
-သန္တာ

No comments:
Post a Comment