Intel
ရဲ့ 8th Gen processor တွေဟာ အရင်ထက် စွမ်းဆောင်ရည်ပိုကောင်းပြီး creative
professional တွေနဲ့ gamer တွေအတွက် အသင့်ဖြစ်နေပါပြီ။ ဒီ kaby Lake G
series processor သစ်တွေမှာ AMD ရဲ့ Radeon RX Vega M graphics ပါဝင်ပါတယ်။
အဲ့ဒီ ချစ်ပ်အသစ်ပါဝင်တဲ့ ကွန်ပျူတာတွေဟာ Nvidia GTX 1050 လို discrete
GPU တွေသုံးထားတဲ့ laptop တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ Intel က
ပြောပါတယ်။
ဒါကြောင့် ‘Kaby Lake G’ အကြောင်း သိထားသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။
CPU အသစ်တွေက ဘာတွေလဲ?
Intel ရဲ့ laptop CPU အသစ်တွေက Intel Core i5-8305G နဲ့ Intel Core i7-8705G ဖြစ်ပါတယ်။
Processor တစ်ခုချင်းစီမှာ Radeon RX Vega M GL GPU ကို သုံးထားပါတယ်။ ဒါပေမဲ့ Core i5 CPU ရဲ့ base နဲ့ အမြင့်ဆုံး clock speed က Core i7 ထက် နိမ့်ပါတယ်။
ဒီ CPU နဲ့ GPU ပေါင်းစပ်မှုသစ်ဟာ creative professional တွေ၊ gamer တွေ၊ အွန်လိုင်းကနေ 4K media ကြည့်ရှုသူတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ Intel က ဆိုပါတယ်။ ဒီပေါင်းစပ်မှုရဲ့ အကျိုးကျေးဇူးကြောင့် ပါးလွှာကျစ်လျစ်တဲ့ ကွန်ပျူတာတွေမှာ အရင်ကမတွေ့ဖူးတဲ့ စွမ်းဆောင်ရည်မြင့် ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒီ CPU သစ်တွေပါဝင်တဲ့ ပထမဆုံး ကွန်ပျူတာတွေကို ၂၀၁၈ ခုနှစ် ဧပြီလဝန်းကျင်မှာ တွေ့မြင်ရဖို့ရှိပါတယ်။
ဒီ graphics သစ်တွေက ဘယ်လောက်ထိ စွမ်းဆောင်ရည်မြင့်မားသလဲ?
ဒီချစ်ပ်သစ်တွေဟာ Nvidia GeForce GTX 1050 နဲ့ 4GB RAM ပါဝင်တဲ့ ကွန်ပျူတာတစ်လုံးထက် စွမ်းဆောင်ရည် ၁.၄ ဆ မြင့်မားတယ်လို့ Intel က ပြောကြားထားပါတယ်။
Kaby Lake G နဲ့ Intel ရဲ့ H Series processor တို့အကြား ဘာတွေကွာခြားသလဲ?
G-series က H series processor တွေနေရာမှာ အစားထိုးဖို့မဟုတ်ပါဘူး။ G-series က discrete graphics နဲ့ ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်တဲ့ ကွန်ပျူတာတွေအတွက် ဖြစ်ပါတယ်။ 8th Gen H series processor တွေကို အခုထိ မတွေ့ရသေးပေမယ့် သူတို့က လျင်မြန်ပြီး 4K gaming နဲ့ အခြား လုပ်ဆောင်ချက်တွေအတွက် Nvidia နဲ့ AMD တို့လို အခြား discrete graphics card တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။
Kaby Lake G ရဲ့ စွမ်းအင်သုံးစွဲမှုက ဘယ်လောက်လဲ?
ဒီချစ်ပ်သစ်တွေရဲ့ thermal design power (TDP) level က 65 watts ဖြစ်ပါတယ်။
Intel မှာ gaming driver တွေ အသင့်ရှိနေပြီလား?
ဂိမ်းတစ်ခုမဖြန့်ချိခင် download လုပ်နိုင်မယ့် Day Zero driver တွေ အသင့်ရှိနေပြီလို့ Intel က ပြောပါတယ်။ ဒီ Radeon driver တွေကို gameplay.intel.com ကနေ ရရှိနိုင်ပါတယ်။
Kaby Lake G က VR အတွက် အသင့်ဖြစ်ပြီလား?
ဒီမိုဘိုင်းချစ်ပ်တွေက Windows Mixed Reality အတွက် အဆင်သင့်ပါပဲ။ ဒါပေမဲ့ Oculus Rift နဲ့ HTC Vive တို့အတွက် Kaby Lake G desktop version လိုအပ်မှာဖြစ်ပါတယ်။
Intel HD Graphics တွေကရော?
Intel HD Graphics တွေကလည်း ဆက်ရှိနေမှာပါ။ ဒါကြောင့် Intel CPU သစ်မှာ integrated GPU နှစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ Radeon GPU က စွမ်းဆောင်ရည်ပိုမြင့်ပြီး display ခြောက်ခုအထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel ရဲ့ GPU ကတော့ display သုံးခုအထိပဲ ထောက်ပံ့ပေးနိုင်ပါတယ်။
Vega GPU လိုအပ်တဲ့ ဂိမ်းကစားတာတွေ၊ အနုပညာလက်ရာဖန်တီးတာတွေ မလုပ်ဘူးဆိုရင်တော့ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ Intel HD Graphics 630 ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
Desktop တွေကရော?
Intel ဟာ mini-PC တွေအတွက် Radeon Vega ပါဝင်တဲ့ 8th Gen Core ကို မိတ်ဆက်ထားပါတယ်။ အဲ့ဒါတွေက Intel Core i7-8706G, i7-8709G နဲ့ i7-8809G တို့ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုမှာ Radeon RX Vega M GH graphics ကို သုံးထားပြီး GTX 1060 Max-Q GPU နဲ့ 6GB VRAM ထက် စွမ်းဆောင်ရည် ၁.၁၃ ဆ ပိုမိုတယ်လို့ Intel က ပြောပါတယ်။
ဒီချစ်ပ်တွေဟာ Oculus Rift ရော Windows Mixed Reality ကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။
Kaby Lake G ကို လုပ်ငန်းသုံး laptop တွေမှာ တွေ့ရဖို့ရှိသလား?
ဒီချစ်ပ်သစ်တွေကို လုပ်ငန်းသုံး notebook တွေမှာ တွေ့မြင်ရဖို့မရှိပါဘူး။
Ref: LaptopMag

No comments:
Post a Comment