QR Code အသုံးပြု၍ ဖုန်းငွေဖြည့်သွင်းနိုင်ရန် ပြုလုပ် - Gold Mobile(Mobileနည်းပညာ)

Breaking

Gold Mobile မှ Mobile Hardware,Software/Compurter Software/Software ခွေများ/Handset များ/ Accessoriesများ အား လက်လီ-လက်ကား ရောင်းချပေး-ပြင်ဆင်ပေးပါသည်။မကြာမှီ Mobile Service သင်တန်းအားဖွင့်လှစ်သွားပါမည်။ဆက်သွယ်ရန်-လိုင်သာယာ/စက်မူဇုန်(၂) ဖုန်း-09788305422 www.goldmobileygn09@gmail.com

Gold Mobile Sale & Service Center

test banner

Post Top Ad

သင့်လုပ်ငန်းကိုဒီနေရာမှာကျော်ငြာလိုက်ပါ

Post Top Ad

Wednesday, January 10, 2018

QR Code အသုံးပြု၍ ဖုန်းငွေဖြည့်သွင်းနိုင်ရန် ပြုလုပ်



QR Code နဲ့ အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းနိုင်ဖို့ Ooredoo ကပြုလုပ်လိုက်ပါတယ်။
ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းငွေဖြည့်တာတွေကို PIN နံပါတ်တွေပါရှိတဲ့ ခဲခြစ်ကတ်ပြား ဒါမှမဟုတ် ဖုန်းငွေဖြည့်သွင်းနိုင်တဲ့ စက္ကူဘောက်ချာတွေကို မိုဘိုင်းဖုန်းအသုံးပြုသူ အများစုက အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းခြင်းကို ပြုလုပ်ကြပါတယ်။

QR Code နဲ့ အသုံးပြုပြီး ငွေဖြည့်သွင်းတာကို ၀န်ဆောင်မှုအသစ်အနေနဲ့ စတင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေဖြည့်ကတ် ဝယ်ယူတဲ့အခါ PIN နံပါတ် နဲ့ QR code ပေါ်မှာရှိတဲ့ ငွေမင်အမှတ်အသားတွေကို သေချာစစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဖုန်းငွေဖြည့်ကတ် ဝယ်ယူတဲ့အခါ သေချာစစ်ဆေးသင့်တဲ့ အချက် ၂ ချက်ကတော့ (၁) PIN နံပါတ်ပေါ်မှာ အူရီဒူးလိုဂို အမှတ်အသားနဲ့ ငွေမင်အုပ်ထားခြင်း (၂) QR code ပေါ်မှာ “My Ooredoo App ကိုအသုံးပြုပြီး QR Code ကြည့်ရန်” စာသားနဲ့ ငွေမင်အုပ်ထားခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အမှတ်အသားတွေပါရှိတဲ့ ငွေမင်အုပ်ထားပေးရခြင်း အဓိကအကြောင်းရင်းကတော့ ငွေဖြည့်ကတ်မှာပါရှိတဲ့ ဖုန်းငွေတန်ဖိုးကို ကာကွယ်ပေးခြင်းဖြစ်ပြီး အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရာလည်းရောက်ကြောင်း သိရပါတယ်။

Ooredoo ဆင်းမ်ကတ်အသုံးပြုသူ အနေနဲ့ QR Code ပါရှိတဲ့ ၃,၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကတ်တွေကို ဈေးကွက်ထဲမှာ ဝယ်ယူ အသုံးပြုနိုင်ပြီဖြစ်ပြီး ၁,၀၀၀ ကျပ်တန် နဲ့ ၅,၀၀၀ ကျပ်တန် QR Code ပါရှိတဲ့ ဖုန်းငွေဖြည့်ကတ်တွေကို မကြာမီ အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

-ထွန်းထွန်း

No comments:

Post a Comment

Post Top Ad

Responsive Ads Here